အိန္ဒိယရထားမတော်တဆမှုကြောင့်သေဆုံးသူ ၂၈၈ ဦးရှိလာပြီဖြစ်

0
432

ဘာလာဆို၊ဇွန် ၄

ယမန်နေ့က အိန္ဒိယနိုင်ငံအရှေ့ပိုင်းဩရသပြည်နယ်၌ ရထားသုံးစီးတိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၂၈၈ ဦးအထိရှိလာပြီးဒဏ်ရာရရှိသူ‌ပေါင်း ၉၀၀ ကျော်ရှိခဲ့ကြောင်းသိရသည်။

ယခုမတော်တဆမှုသည် နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆိုးရွားဆုံးမတော်တဆမှုဖြစ်ခဲ့ပြီး ရထားတွဲများသည် သံလမ်းဘေးသို့ချော်ထွက်တိမ်းမှောက်နေကြသည်။

မတော်တဆမှုဖြစ်ရသည့်အကြောင်းအရင်းကိုစုံစမ်းနေဆဲဖြစ်ကာ မီးရထားတာဝန်ရှိသူများ၏ ပြောကြားချက်အရ ကာလကတ္တားမှ ချန်နိုင်းသို့ပြေးဆွဲလျက်ရှိသည့် ကိုရိုမန်ဒယ်အမြန်ရထားအား အချက်ပြစနစ်မှားယွင်းမှုကြောင့် အဆိုပါရထားလမ်းချော်ကာတိုက်မိခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်နေရာသို့ ဝန်ကြီးချုပ်မိုဒီသွားရောက်ခဲ့ပြီး ဒဏ်ရာရရှိသူများအား ဆေးကုသမှုပေးနေကြောင်းနှင့် ယခုဖြစ်စဉ်၌တာဝန်ရှိသူအားလုံးကို အရေးယူရန်လည်းပြောကြားခဲ့သည်။

ယခုဖြစ်စဉ်သည် အိန္ဒိယ၏အဆိုးရွားဆုံးရထားမတော်တဆမှုများအနက် သုံးခုမြောက်ဖြစ်စဉ်လည်းဖြစ်သည်။၁၉၈၁ ခုနှစ်ကလည်း ရထားလမ်းချော်ပြီး မြစ်ထဲပြုတ်ကျသဖြင့် လူ ၈၀၀ နှင့် ၁,၀၀၀ ကြားသေဆုံးမှုဖြစ်ခဲ့ဖူးသေးသည်။

၁၉၉၅ ခုနှစ်ကလည်း ရထားမတော်တဆမှုကြောင့်ပင် လူ ၃၀၀ ကျော်သေဆုံးခဲ့သေးသဖြင့် ယခုဖြစ်စဉ်သည် တတိယအဆိုးရွားဆုံးဖြစ်လာခဲ့သည်။

Source : အေအက်ဖ်ပီ/ကေဂျီ


LEAVE A REPLY

Please enter your comment!
Please enter your name here