သာကေတ ရှုခင်းသာလမ်းမကြီးပေါ်တွင် ကား ၂ စီးနှင့်ဆိုင်ကယ် ၁ စီးတိုက်၊ ၂ ဦးဒဏ်ရာရ

0
236

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ရှုခင်းသာလမ်းမကြီးပေါ်တွင် ဇွန် ၃ ရက်ညပိုင်းက Light Truck ကား၊လူနာတင်ကားနှင့်ဆိုင်ကယ်တို့တိုက်မိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ည ၁၁ နာရီခွဲခန့်က ရှုခင်းသာလမ်းမကြီးပေါ်ရှိ “ငွေဗျိုင်းဖြူ”စက်သုံးဆီအရောင်းဆိုင်ရှေ့တွင် Light Truck ကားနှင့်လူနာတင်ကားတို့တိုက်မိခဲ့ပြီး တိုက်မိသည့်အရှိန်ကြောင့် ရှုခင်းသာလမ်းမကြီးအတိုင်းမောင်းနှင်လာသည့် ဆိုင်ကယ်အားထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်မောင်းလာတဲ့လူက ကားတိုက်တာကိုတွေ့တော့ ဆိုင်ကယ်ကိုလမ်းလယ်မှာထားပြီး ကိုယ်လွတ်ရုန်းထွက်ပြေးသွားရတဲ့အတွက် ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး ဆိုင်ကယ်ကပျက်စီးသွားတယ်”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကပြော သည်။

ဖြစ်စဥ်၌ Light Truck ကားပေါ်၌လိုက်ပါလာသည့် အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသမီး ၁ ဦးနှင့်အ သက်(၂၀)နှစ်ခန့်ရှိ အမျိုးသား ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မြေပြင်ကုသမှုများပြုလုပ်ပေးပြီး ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here