ဘောလုံးပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်မှပြုတ်ကျသေဆုံးမှုဖြစ်ပွား

0
176

အာဂျင်တီးနားနိုင်ငံရှိ Mas Monumental ကစားကွင်း၌ River Plate အသင်းနှင့် Defensay Justicia အသင်းတို့၏ပွဲစဉ်အတွင်း ပရိသတ်တစ်ဦး ပွဲကြည့်စင်မှပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သည်။

ယခုဖြစ်စဉ်ကြောင့် အသင်းနှစ်သင်း၏ပွဲစဉ်အား ကစားချိန် ၂၆ မိနစ်အရောက်တွင်ရပ်နားခဲ့ရပြီး အချိန်ပြောင်းရွှေ့လိုက်သည်။

ဘောလုံးအသင်း၏ပြောကြားချက်အရ ယခုဖြစ်စဉ်၌ အကြမ်းဖက်မှုနှင့်နှောင့်ယှက်မှုမရှိဘဲ သာမန်မတော်တဆမှုသာဖြစ်သည်ဟုလည်းသိရသည်။

“Sivori Alta ပွဲကြည့်စင်ကကြည့်‌နေတဲ့ ပရိသတ်တစ်ဦးပြုတ်ကျပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ရဲနဲ့လုံခြုံရေးအေဂျင်စီအသီးသီးက ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေ ချက်ခြင်းရောက်လာပေမဲ့အသက်မမှီပါဘူး” ဟု ကလပ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အသင်း၏ထုတ်ပြန်ချက်အရ ၎င်းပြုတ်ကျချိန်၌ ရန်ဖြစ်ခြင်း၊အကြမ်းဖက်ခြင်းမျိုးမရှိဘဲ အားလုံးပုံမှန်သာဖြစ်ကြောင်းသိရှိရသည်။ယင်းနောက်သက်သေအထောက်အထားများရယူနိုင်ရန်အတွက် ကစားပွဲကိုရပ်နားကာ အားကစားကွင်းအား ၂၄ နာရီကြာပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here