(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့မှ ရွှေတံဆိပ် ၂ ခုနှင့်ငွေတံဆိပ်၊ကြေးတံဆိပ်များဆွတ်ခူးပေးထား

0
196

ကမ္ဘောဒီးယားနိုင်ငံမှ ဇွန် ၃ ရက်မှ ၉ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့သည် ဇွန် ၄ ရက်ကယှဥ်ပြိုင်ကစားခဲ့သော ပွဲစဥ်များပြီးသည့်အချိန်တွင် ရွှေတံဆိပ် ၂ ခု၊ငွေတံဆိပ် ၄ ခုနှင့်ကြေးတံဆိပ် ၁ ခုဆွတ်ခူးထားကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုများအား ပြေးခုန်ပစ်အားကစားနည်း၏ (အမျိုးသမီး) သံလုံးပစ် F55 ပြိုင်ပွဲမှ မထက်ထက်အေး၊ပြေးခုန်ပစ်အားကစားနည်း၏ (အမျိုးသမီး)သံလုံးပစ် F64 ပြိုင်ပွဲမှ မစိန်ဖောတို့က ဆွတ်ခူးပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ငွေတံဆိပ်ဆုများအား ရေကူးအားကစားနည်း၏ (အမျိုးသား)မီတာ(၁၀၀) Breaststroke ပြိုင်ပွဲမှ မောင်မင်းထူး၊ပြေးခုန်ပစ်အားကစားနည်း၏ (အမျိုးသမီး)အလျားခုန် T44 ပြိုင်ပွဲမှ မဝေဝေသင်း၊ပြေးခုန်ပစ်အားကစားနည်း၏ (အမျိုးသမီး)အလျားခုန် T64 ပြိုင်ပွဲမှ မလော်လာဝင်း၊ရေကူးအားကစားနည်း၏ အမျိုးသား မီတာ(၄၀၀)(Free Style)ပြိုင်ပွဲမှ မောင်အောင်မြင့်မြတ်တို့ကဆွတ်ခူးပေးခဲ့ခြင်းဖြစ်သည်။

ထို့အတူ ကြေးတံဆိပ်ဆုအား ပြေးခုန်ပစ်အားကစားနည်း၏ (အမျိုးသား)လက်ဆင့်ကမ်း မီတာ (၄x၁၀၀) T42-47 ပြိုင်ပွဲမှ မောင်စိုးပေ၊မောင်အောင်မြင့်ဌေး၊မောင်သူရဇော်၊မောင်အောင်မြင့်မြတ်တို့က ဆွတ်ခူးပေးခဲ့ကြသည်။

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် အားကစားနည်း ၁၄ နည်းအနက် ပြေးခုန်ပစ်၊ရေကူး၊ဘောလုံး၊ Goalball(မျက်မမြင်)၊အလေးမ၊စစ်တုရင်၊စားပွဲတင်တင်းနစ်၊ထိုင်လျက်ဘော်လီဘော အားကစားနည်း ၈ နည်းအားဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here