ယနေ့နံနက်ပိုင်း ပြည်ကြီးတံခွန်တွင် မိနစ်ပိုင်းအတွင်း မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွား

0
122

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့ ဇွန် (၅) ရက် နံနက်ပိုင်းက မိနစ်ပိုင်းအတွင်း မီးလောင်ကျွမ်းမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့ နံနက် (၉) နာရီ မိနစ်(၂၀)ဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၇ (B) လမ်းနှင့် (၁၂၀) လမ်းကြားရှိ နေအိမ်တစ်လုံးမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြော င်း သိရသည်။

ယင်းကဲ့သို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် (၉) နာရီခွဲ ဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ် (၃) လုံးပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ နံနက် (၉) နာရီ (၂၅) မိနစ်ခန့်တွင်လည်း ပြည်ကြီးတံခွန်မြို့နယ်၊ (၆၁)လမ်း (၆၂)လမ်းနှင့် (၁၁၇) လမ်း (၁၁၈)လမ်းကြားရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ မိနစ် (၅၀) ဝန်းကျင်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးတို့အား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here