သာကေတမြို့နယ်တွင် ဓာတ်တိုင်ပေါ်တက်၍ လျှပ်စစ်မီးပြင်သည့် လျှပ်စစ်ဝန်ထမ်းဓာတ်လိုက်

0
235

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်၊ သဒ္ဒါရုံလမ်းနှင့် ဇောတရုံလမ်းထိပ်တွင် ဇွန် (၄) ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယမန်နေ့မွန်းလွဲ (၂) နာရီခွဲကျော်ခန့်က အသက်(၂၀) နှစ် ကျော်ခန့်ရှိ လျှပ်စစ်ဝန်ထမ်း အမျိုးသားတစ်ဦးသည် သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်၊ သဒ္ဒါရုံလမ်းနှင့်ဇောတရုံလမ်းထိပ်ရှိ ဓာတ်တိုင်ပေါ်သို့ လျှပ်စစ်မီးတက်ရောက်ပြုပြင်ခဲ့သည်။

ထိုသို့ ပြုပြင်နေစဥ် ဓာတ်လိုက်ခံခဲ့ရသဖြင့် သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများ ပြုလုပ်ပေးခဲ့ကြပြီးနောက် (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် သုမနလူမှုကူညီရေး အသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here