တရုတ်နိုင်ငံ၌ မြေပြိုမှုကြောင့်သေဆုံးသူ ၁၉ ဦးအထိရှိလာ, ကယ်ဆယ်ရေးလုပ်ငန်းများရပ်နားလိုက်ပြီဟုဆို

0
225

ပေကျင်း၊ဇွန် ၄

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၌ မြေပြိုမှုကြောင့်သေဆုံးသူ ၁၉ ဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းရပ်နားလိုက်ပြီဖြစ်ကြောင်းကြေငြာခဲ့သည်။

ဒေသစံတော်ချိန်နံနက် ၆ နာရီတွင် တောင်ပေါ်မှမြေပြိုမှုစတင်ဖြစ်ပေါ်ခဲ့ပြီး ညနေ ၈ နာရီအထိ သေဆုံးသူ ၁၉ ဦးရှိခဲ့သည်ဟုသိရပြီး ကယ်ဆယ်ရေးလုပ်ငန်းများရပ်နားလိုက်ပြီဖြစ်ကာ မြေပြိုမှုဖြစ်ပေါ်ရသည့်အကြောင်းရင်းအား စုံစမ်းနေဆဲဖြစ်သည်ဟုဆိုသည်။

အာဏာပိုင်များသည် ကယ်ဆယ်ရေးလုပ်ရန်အတွက် လူပေါင်း ၁၈၀ ကျော်နှင့် ပြန်လည်ထူထောင်ရေးကိရိယာ တစ်ဒါဇင်ကျော်အား အဆိုပါနေရာသို့ပို့ဆောင်ပေးခဲ့ကြောင်း ရုပ်သံဌာနကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၌ မြေပြိုမှုများသည် မကြာခဏဖြစ်လေ့ဖြစ်ထရှိပြီး အထူးသဖြင့် မိုးရာသီတွင် နိုင်ငံ၏ ကျေးလက်နှင့် တောင်တန်းဒေသများ၌ မြေပြိုမှုအန္တရာယ်မှာဖြစ်လေ့ရှိသောသဘာဝဘေးတစ်ခုဖြစ်သည်။

စီချွမ်ပြည်နယ်မှာ အခြားနေရာများထက်ပို၍ သဘာဝဘေးအဖြစ်များသောဒေသတစ်ခုလည်းဖြစ်သည်။ ၂၀၀၈ ခုနှစ်ကလည်း အင်အား ၇ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ပျောက်ဆုံးသူနှင့်သေဆုံးသူ ၈၇,၀၀၀ ကျော်ရှိခဲ့ပြီး ၎င်းတို့ထဲ၌ ကျောင်းသား ၅,၃၃၅ ယောက်လည်းအပါအဝင်ဖြစ်ကြောင်းသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here