မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အိန္ဒိယ – မြန်မာစီးပွားရေး လုပ်ငန်းရှင်များအသင်း (IMCC) ငွေကျပ် (၁၁၁) သိန်းနှင့် အမေရိကန်ဒေါ်လာ (၁၀၀၀) လှူဒါန်း

0
206

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အိန္ဒိယ – မြန်မာစီးပွားရေး လုပ်ငန်းရှင်များအသင်း (IMCC) က ငွေကျပ် ၁၁၁ သိန်းနှင့် အမေရိကန်ဒေါ်လာ ၁၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းငွေ ငွေကျပ် ၁၁၁ သိန်း၊ အမေရိကန် ဒေါ်လာ ၁၀၀၀ ကို သံအမတ်ကြီးနှင့် အိန္ဒိယ – မြန်မာ စီးပွားရေး လုပ်ငန်းရှင်များအသင်း (IMCC) က လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အလှူ၍ငွေ လှူဒါန်းမှုအပေါ် ဝန်ကြီးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးအဖွဲ့ (ကိုယ်စား) ကျေးဇူးတင်ရှိကြောင်းနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှုအရ လှူဒါန်းလာသည့် ပစ္စည်းများကိုလည်း အဆိုပါ ဒေသများသို့ အမြန်ဆုံး ရောက်ရှိရေး ဆက်လက်ပေးပို့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည် ။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး တပ်မတော်သားများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ပြည်သူများက ပူးပေါင်း၍ ဝိုင်းဝန်းလုပ်ဆောင်နေမှု အခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here