မကာအိုနှင့် ကုန်တုံဒေသ ကုန်အမှတ်တံဆိပ် ထုတ်ကုန်ပြပွဲတွင် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ပြသမည်

0
170

မကာအိုနှင့် ကုန်တုံဒေသတွင်ကျင်းပမည့် ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ရုံးမှ သိရသည်။

မကာအိုနှင့် ကုန်တုံဒေသ ကုန်အမှတ်တံဆိပ် ထုတ်ကုန်ပြပွဲ(Guangdong and Macao Branded Products Fair 2023) ကို မကာအိုမြို့ရှိ Galaxy International Convention Center တွင် ဇူလိုင် (၂၇) ရက်မှ (၃၀) ရက်အထိ (၄)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲသို့ မြန်မာစီးပွားရေး လုပ်ငန်းရှင် (၄၀) ခန့်တက်ရောက်ရန်ရှိပြီး မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြပွဲစီစဉ်သူများက ပြခန်းပေါင်း (၂၀) လျာထားပြင်ဆင်ပေးထားကြောင်း သိရသည်။

ယင်းပြပွဲအတွက် ပြခန်းတစ်ခန်းလျင် မကာအို ဒေါ်လာ (၁၄၀၀) ပေးသွင်းရမည်ဖြစ်ပြီး ပြခန်းတစ်ခန်းစီ အတွက် လာရောက်ပြသမည့် ကုန်စည်များ သယ်ယူပို့ဆောင်ရေးစရိတ်အဖြစ် မကာအိုဒေါ်လာ (၃၀၀၀) ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းပြပွဲတွင် နိုင်ငံပေါင်း (၁၂၀) ခန့်မှ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း (၄၀၀) ကျော်မှ ထုတ်ကုန်များခင်းကျင်းပြသမည်ဖြစ်ပြီး စုစုပေါင်းပြခန်း (၇၀၀) ခန့်ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here