ခိုးယူလာသည့် ဆိုင်ကယ်ဖြင့်လမ်းဘေးတွင်စျေးရောင်းနေသူအား တိုက်ပြေးသွားမှုကြောင့် အသက် ၅၇ နှစ်အရွယ်အမျိုးသမီးကြီး တစ်ဦးသေဆုံး

0
183

မန္တလေးတိုင်း၊မိတ္ထီလာမြို့တွင် ခိုးယူလာသည့် ဆိုင်ကယ်ဖြင့်လမ်းဘေးတွင်စျေးရောင်းနေသူအား တိုက်ပြေးသွားမှုကြောင့် အသက် ၅၇ နှစ်အရွယ်အမျိုးသမီးကြီး တစ်ဦးသေဆုံးမှု ယနေ့ ဇွန်လ ၅ ရက်တွင် ဖြစ်ပွားခဲ့သည်။

ဆိုင်ကယ်အား မိတ္ထီလာစက်မှုဇုန် (၃)လမ်းထိပ်မှ ခိုးယူလာပီး သဲကုန်းအနီးတွင် အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးတွင် စျေးရောင်းနေသည့် အသက် ၅၇ နှစ်အရွယ်ထန်းသီးသည် အမျိုးသမီးကြီးအား ဝင်တိုက်ကာ ခိုးယူလာသည့်ဆိုင်ကယ်ထားခဲ့ပီး အဖော်ပါလာသည့်ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့သည်။

” ဆိုင်ကယ်သူခိုးနဲ့ပတ်သတ်ပြီးဘာမှတော့မသိရဘူး၊ ခိုးလာတဲ့ဆိုင်ကယ်ကိုထားပြိီးထွက်ပြေးသွားတယ်၊ အမေကြီးကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ဆုံးပါးသွားတဲ့အတွက် ရင်ခွဲရုံကနေ နေထိုင်ရာရွာအပြင်ကိုပို့ပေးခဲ့ပါတယ်” ဟု ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့‌ပြောသည်။

အတိုက်ခံရသည့်အမျိုးသမီးကြီးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် သတိလစ်နေသဖြင့် လိုအပ်သည်များပြုစုပြီး မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့သော်လည်း နေ့လယ် ၂ အချိန်ခန့်က သေဆုံးသွားသည်။

ဓာတ်ပုံ – ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here