မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်ပတ်လမ်း၌ Nissan Caravan ကား လမ်းဘေးရှိသံဘောင်များအားဝင်တိုက် ကားမောင်းသူဒဏ်ရာရ

0
228

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ဥယျာဥ်ရပ်ကွက်၊ကန်ပတ်လမ်းတွင် ဇွန် ၅ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ဥယျာဉ်ရပ်ကွက်ရှိ ကန်ပတ်လမ်းအတိုင်းမောင်းနှင်လာသည့် Nissan Caravan ကားသည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာရံထားသည့် သံဘောင်အားဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် ကားမောင်းလာသူမှာ ကားခေါင်းခန်းအတွင်းညပ်နေသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းနှင့်တာမွေမြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသဖြင့် နေ့လည် ၃ နာရီကျော်ခန့်၌ ကားမောင်းသူအားကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည့် ကားမောင်းသူအား ကြက်ခြေနီအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here