မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားသည့် မိုဘိုင်းစခန်းများအနက် ၈၅၅ ခုကို ပြန်လည် ပြင်ဆင်ပြီးစီး

0
135

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးအော်ပရေတာ ၄ ခု၏ မိုဘိုင်းစခန်းများ ပျက်စီးခဲ့ပြီး ဆက်သွယ်မှုပြတ်တောက်ခဲ့သဖြင့် ပြန်လည်ပြုပြင်မှုများ ပြုလုပ်ခဲ့ရာ ဇွန်လ ၅ရက်အထိ မိုဘိုင်းစခန်း ၈၅၅ ခုအား ပြန်လည်ပြင်ဆင်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးအော်ပရေတာ ၄ ခု၏ မိုဘိုင်းစခန်း ၁၂၃၃ ခုရှိရာ မုန်တိုင်းဒဏ်ကြောင့် မိုဘိုင်းစခန်း ၉၀၄ ခုပျက်စီးခဲ့ပြီး ပြန်လည်ပြင်ဆင်နေချိန်၌ ကျန်ရှိသည့် မိုဘိုင်းစခန်း ၃၂၉ ခုဖြင့်သာ ဝန်ဆောင်မှုပေးခဲ့ရသည်။

ပျက်စီးသွားသည့် မိုဘိုင်းစခန်းများအား ကျွမ်းကျင်ဝန်ထမ်းများက မြေပေါ်မြေအောက် ဖိုက်ဘာကေဘယ်လ်များပြုပြင်ခြင်း၊ အချို့ မိုက်ခရိုဝေ့ဗ်ဆက်ကြောင်းများကို ဖိုက်ဘာဆက်ကြောင်းများဖြင့် ပြောင်းလဲချိတ်ဆက်ခြင်း၊ မိုဘိုင်းစခန်းပြုပြင်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here