မြန်မာ့ကော်ဖီကို လက်ရှိတင်ပို့နေသည့် ပြည်ပနိုင်ငံ (၁၄) ခုအပြင် ဈေးကွက်သစ်များ တိုးမြှင့်တင်ပို့နိုင်ရေး ဆွေး နွေး

0
182

မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြန်မာ့ကော်ဖီကို လက်ရှိတင်ပို့နေသည့် ပြည်ပနိုင်ငံ (၁၄) ခုအပြင် ဈေးကွက်သစ်များ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

ယင်းပြောကြားချက်ကို ဇွန်လ (၅) ရက်က ပြုလုပ်ခဲ့သည့် မြန်မာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ဖွံဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထော င်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် နိုင်ငံတကာအဆင့်မီ ကော်ဖီများကို အလားအလာရှိသည့် နိုင်ငံတကာဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွ က် အစိုးရဌာနများ၊ အသင်းအဖွဲ့များနှင့် စိုက်ပျိုးထုတ် လုပ်သူများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ပြည်ပသို့ ကော်ဖီပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားသည့်အတွ က် နိုင်ငံတကာအဆင့်မီ ကော်ဖီများကို အလားအလာရှိသည့် နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် လိုအပ်ချက်များကို အစိုးရဌာနများ၊ အသင်းအဖွဲ့များနှင့် စိုက်ပျိုးထုတ်လုပ် သူများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြ စ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

ထို့အပြင် ဈေးကွက်ရရှိရေးနှင့် ဈေးကွက်ဝင် နိုင်ငံ၏ စံ ချိန်စံညွှန်းဆိုင်ရာနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေးကိုလည်း ဆက်လက်ညှိ နှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းပွဲတွင် ပြည် ထောင်စုဝန်ကြီးက ဆိုသည်။

လက်ရှိတွင် မြန်မာ့ကော်ဖီကို အမေရိက၊ ဥရောပနှင့် အာရှဒေသ နိုင်ငံပေါင်း (၁၄) နိုင်ငံသို့ တင်ပို့လျက်ရှိပြီး ဈေး ကွက်အလားအလာရှိသည့် နိုင်ငံများသို့လည်း ဆက်လ က်တိုးမြှင့်တင်ပို့နိုင်ရေး စိုက်ပျိုးထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here