BTS အဖွဲ့ဝင် ဂျောင်ကု၏ တစ်ကိုယ်တော် ပွဲဦးထွက် တေးအယ်လ်ဘမ် ထွက်မည်

0
101

ကေပေါ့ ယောက်ျားလေးအဖွဲ့ BTS မှ အငယ်ဆုံး အဖွဲ့ဝင် ဂျောင်ကုသည် သူ၏ ပထမဦးဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်ထုတ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ သတင်းကို ဇွန်လ ၄ ရက်နေ့တွင် တောင်ကိုရီးယား သတင်းဌာန စပေါ့စ် ချိုဆွန် က စတင်ဖော်ပြပြီးနောက် ဂျောင်ကု၏ အေဂျင်စီဖြစ်သည့် ဘစ်ဟစ် ကပါ တရားဝင် အတည်ပြုခဲ့သည်။

စပေါ့စ် ချိုဆွန်းက ဂျောင်ကု၏ အယ်လ်ဘမ်သည် ဇွန်လ ၁၄ ရက်နေ့တွင် ထွက်ရှိလာမည်ဟု ပြောထားသော်လည်း ဘစ်ဟစ်ကမူ အတည်ပြုထားခြင်း မရှိသေးပေ။ “ဂျောင်ကုရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ထွက်ရှိမယ့် နေ့ကို အတည်ပြီးတာနဲ့ ကြေညာပေးပါ့မယ်” ဟု ဘစ်ဟစ်က ပြောထားသည်။

ထိုအယ်လ်ဘမ်တွင် အမေရိက အထိပါ ပေါက်ရောက် ကျော်ကြားနိုင်သော အင်္ဂလိပ် ဘာသာဖြင့် သီဆိုထားသည့် သီချင်းတစ်ပုဒ် ပါဝင်မည်ဟုလည်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ အယ်လ်ဘမ်သည် အသက် ၂၅ နှစ်အရွယ် ဂျောင်ကု အတွက် ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်သော်လည်း “Stay Alive” နှင့် “Left and Right” ကဲ့သို့သော တစ်ကိုယ်တော် သီချင်းများဖြင့် အမေရိက၏ လူနားဆင်မှု အများဆုံးသီချင်း စာရင်းထဲ ဝင်ရောက်ထားနှင့်ပြီးသား ဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here