သေနတ်ဒဏ်ရာရရှိထားပြီးတစ်ပတ်အကြာတွင် အဆိုတော် လီလီနိုင်ကျော် ကွယ်လွန်

0
201

ပြီးခဲ့သည့် မေလကုန်ပိုင်းက ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး ဆေးကုသမှုခံယူနေသည့် အဆိုတော် လီလီနိုင်ကျော်သည် ယနေ့ ဇွန်လ (၆) ရက် နံနက်ပိုင်းတွင် တပ်မတော်စစ်ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရသည်။

မေလ (၃၀) ရက် ည (၇) နာရီဝန်းကျင်က ရန်ကင်းမြို့နယ်ရှိ ၎င်း၏ နေအိမ်အနီးတွင် သေနတ်သမားများက ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ်ခတ်လုပ်ကြံခံရမှုမှ ရရှိသည့် ဒဏ်ရာဖြင့် မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူရင်းတပတ်အကြာတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

အဆိုတော် လီလီနိုင်ကျော် သေဆုံးမှုနှင့်ပတ်သက်၍ ၎င်းအသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာမှ ” မေမေ ဆုံးပြီ” ဟု ရေးသားမျှဝေထားသည်။

မေလ (၃၀) ရက်က အပြင်မှ ကားဖြင့်ပြန်လာသည့် အဆိုတော် လီလီနိုင်ကျော်အား ၎င်း၏ နေအိမ်ရှေ့တွင် သေနတ်သမားများက ပစ်ခတ်ခဲ့သည့်အတွက် ညာပါး သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့သည့် Special Task Force – STF အမည်ခံ အကြမ်းဖက်အဖွဲဝင်များအား ဖမ်းဆီးရမိထား​ကြောင်း သတင်းမှန်ပြန်ကြား​ရေးအဖွဲ့ကထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here