ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ရှေးဟောင်း Zombie ဗိုင်းရပ်စ် ၈ မျိုး ပျံ့နှံ့နေဟု သတင်းများထွက်ပေါ်

0
376

အန္တရာယ်ရှိသည့် ရှေးဟောင်း“Zombie ဗိုင်းရပ်စ်” ရှစ်မျိုးသည် ကျွန်ုပ်တို့ မသိရှိဘဲ ပျံ့နှံ့နေသည်ဟူသော သတင်းထွက်ပေါ်လာပြီးနောက် ထိပ်တန်းသိပ္ပံပညာရှင်များစွာကလည်း သတိပေးချက်များထုတ်ပြန်လာခဲ့ကြသည်။

ယင်းသည် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများနှင့်ဆပ်စပ်နေသည်။

ရုရှား၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံရှိ သိပ္ပံပညာရှင်များ၏ အဆိုအရ ယင်းဗိုင်းရပ်စ်များသည် သမိုင်းမတင်မီအချိန်ကတည်းက အာတိဒေသ အအေးလွန်ရေခဲပြင်များအောက်၌ ပိတ်မိနေခဲ့သော်လည်း ယခုအခါ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အာတိတ်ဒေသမှ ရေခဲပြင်များအရည်ပျော်လာရာတွင် အန္တရာယ်ရှိသော ဗိုင်းရပ်စ် အများအပြားကို လေထုထဲသို့ ထုတ်လွှတ်မှုရှိကြောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ Aix-Marseille တက္ကသိုလ်မှ ကွန်ပြူတာဇီဝဗေဒပညာရှင် Jean-Michel Claverie နှင့် တွေ့ဆုံဆွေးနွေးရာတွင်မူ “ဗိုင်းရပ်စ်များသည် အမီဘာဗိုင်းရပ်စ်မှလွဲ၍ အခြားဗိုင်းရပ်စ်များမှာ သက်တမ်းကြာရှည်စွာ ရှင်သန်နိုင်ကြောင်း တရားဝင်အထောက်အထားမရှိသော်လည်း သေချာပေါက်မပြောနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဗိုင်းရပ်စ်အားလုံးသည် ၎င်းတို့၏အိမ်ရှင်ဆဲလ်အပြင်ဘက်တွင်ရှိနေစဉ် အစွမ်းမဲ့အမှုန်များဖြစ်ခြင်းဟူသည့် တူညီသောဂုဏ်သတ္တိရှိနေကြသောကြောင့်ဖြစ်သည်”ဟူ၍ သူကဖြေကြားခဲ့သည်။

ကမ္ဘာကြီးပူနွေးလာမှုအခြေအနေကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အန္တရာယ်များမှာလည်း တိုးမြင့်လာမှာ ဖြစ်ကြောင်း သူကဖြည့်စွက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here