သစ်ခွဲသားများတင်လာသည့်ကုန်တင်ကားမှ အခြားကုန်တင်ကားတစ်စီးကို ဝင်တိုက်ပြီး သစ်တင်ကားတိမ်းမှောက်၊ လူ သုံး ဦးဒဏ်ရာရ

0
183

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ဘေလီမီးပွိုင့်အကျော်တွင် ဇွန်လ ၇ ရက်(ယနေ့) နံနက်အစောပိုင်းက ကုန်တင်ကား နှစ်စီး တိုက်မိပြီး လူ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၄ နာရီ၊ ၁၅ မိနစ်ခန့်က သစ်ခွဲသားများတင်ဆောင်လာသည့် ကုန်တင်ကားမှ အခြားကုန်တင်ကားတစ်စီးအား ဘေလီမီးပွိုင့်အကျော်တွင် ဝင်တိုက်ခဲ့ပြီး သစ်တင်ကားမှာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်နေရာကို ကျွန်တော်တို့ ရောက်တဲ့အချိန် သစ်ခွဲသားတွေ တင်လာတဲ့ ကုန်တင်ကားပေါ်မှာ တစ်ယောက်မှမတွေ့တော့ပါဘူး။ သစ်တင်ကားဝင်တိုက်လိုက်တဲ့ ကုန်တင်ကားက ကုန်ပစ္စည်းတင်လာတာ မရှိပါဘူး။ ဒီအတိုင်း ကားအလွတ်ပါ။ ကားတွေကတော့ ပျက်စီးသွားတာများတယ် ” ဟု မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်စဥ်တွင် ဝင်တိုက်ခံရသည့် ကုန်တင်ကားပေါ်၌ လိုက်ပါလာသော အမျိုးသား သုံးဦးတွင် ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းမှ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here