ကမ္ဘောဒီးယား၌ မွေးကင်းစကလေးငယ်ကိုသတ်သည့်မိခင်အားဖမ်းဆီးအရေးယူ

0
180

ဖနွမ်းပင်၊ဇွန် ၇

ကမ္ဘောဒီးယားနိုင်ငံ၌ မိမိ၏မွေးကင်းစကလေးငယ်ကိုပြန်သတ်ကာ တူးမြောင်းထဲလွှင့်ပစ်ခဲ့သည့်အမျိုးသမီးအား သက်ဆိုင်ရာက ဖမ်းဆီးကာ တရားစွဲဆိုခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသမီးသည် အသက် ၃၉ နှစ်အရွယ်ရှိကာ ဇွန်လ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ရဲအရာရှိများ၏ပြောကြားချက်အရ အဆိုပါအမျိုးသမီးသည် မေလ ၂၉ ရက်နေ့အရုဏ်တက်ချိန်၌ ရေချိုးခန်းထဲတွင်ကလေးမွေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းသည်ခင်ပွန်းဖြစ်သူကိုစိတ်ဆိုးကာ မွေးကင်းစကလေးငယ်အား ယခုကဲ့သို့သတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။မွေးကင်းစကလေးငယ်အား လည်ပင်းမှဆယ်မိနစ်ကြာမြှောက်ကိုင်ထားပြီးမှ ကြမ်းပြင်ပေါ်ချကာ ကလေးသေဆုံးကြောင်းသေချာစေရန် မိနစ်သုံးဆယ်ခန့်စောင့်ကြည့်ခဲ့သေးသည်ဟုဆိုသည်။

ယင်းနောက် ကလေးငယ်အလောင်းအား ပလပ်စတစ်ဖြင့်ပတ်ကာ ရှပ်အင်္ကျီဖြင့်ထုပ်ပြီးတူးမြောင်းထဲလွှင့်ပစ်ခဲ့ပြီးအိမ်ပြန်ခဲ့သည်ဟုထွက်ဆိုခဲ့သည်။ပြီးနောက် ကလေးအလောင်းအား သေချာစွန့်ပစ်ခဲ့ခြင်းရှိမရှိပြန်ကြည့်ရန် ရေကန်သို့နောက်တစ်ခေါက်ထွက်သွားခဲ့ပြီး ‌ကလေးအလောင်းရေပေါ်ပေါ်နေသဖြင့် အိတ်ကိုပြန်ဖွင့်ကာ အလောင်းကိုရေထဲနစ်အောင်ထပ်လုပ်ခဲ့သည်ဟုသိရသည်။

အခြားသူများတွေ့ရှိသွားမည်ကိုစိုးရိမ်သဖြင့် ကလေးငယ်အလောင်း ရေထဲနစ်မနစ် မစောင့်ကြည့်တော့ဘဲ အိမ်ပြန်ရေမိုးချိုးပြီး အလုပ်ဆင်းခဲ့သည်ဟုဆိုသည်။တာဝန်ရှိသူများသွားရောက်စစ်ဆေးသောအခါ ကလေးအလောင်းကိုတွေ့ရသဖြင့် အဆိုပါအမျိုးသမီးအား လူသတ်မှုဖြင့်ဖမ်းဆီးကာ တရားစွဲဆိုထားကြောင်းသိရှိရသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here