အိမ်ရှင်မော်လ်ဒိုက် ကြက်တောင်မယ်ကို အနိုင်ယူပြီး ၁၆ ဦးအဆင့်တက်ရောက်သွားသည့် သက်ထားသူဇာ

0
232

မြန်မာ့ကြက်တောင်အားကစားမယ်သက်ထားသူဇာသည် မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပနေသော “LI-NING Maldives International Challenge 2023” ပြိုင်ပွဲတွင် ၁၆ ဦးအဆင့် (R16) အဆင့်သို့တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အဆင့် (၅၇) ရှိ သက်ထားသူဇာသည်အမျိုးသမီးတစ်ဦးချင်းပွဲစဉ်၏ R32 အဆင့်တွင် ကမ္ဘာ့အဆင့် (၂၂၆) မှ အိမ်ရှင်မော်လ်ဒိုက်မှ Aminath Nabbeeha ABDUL RAZZAQ ကို ၂၁ မှတ် ၅၊ ၂၁ မှတ် ၉ မှတ်ဖြင့် ၂ ပွဲဆက် အနိုင်ရပြီး R16 အဆင့်သို့ တက်‌ရောက်သွားခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာသည် R16 အဆင့်တွင် ကမ္ဘာ့အဆင့်(၅၀၆)ရှိ အန္ဒိယကြက်တောင်မယ် Drithi YATHEESH နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပုံစာ – R32 အဆင့် ယှဉ်ပြိုင်နေသည့် သက်ထားသူဇာ


LEAVE A REPLY

Please enter your comment!
Please enter your name here