အိန္ဒိယနှင့် ဂျာမနီတို့ ယူရို ၅ ဘီလီယံတန် ရေငုပ်သင်္ဘော သဘောတူညီချက်အတွက် ဆွေးနွေး

0
235

အိန္ဒိယနှင့် ဂျာမနီတို့သည် ရုရှား၏ စစ်လက်နက်ပစ္စည်းများအပေါ် မှီခိုနေရမှုကို လျှော့ချရန်နှင့် ဂျာမနီနိုင်ငံ၏ ကာကွယ်ရေးစက်မှုလုပ်ငန်းကို မြှင့်တင်ရန် ရည်ရွယ်သည့် ရေငုပ်သင်္ဘော သဘောတူညီချက်အတွက် ဆွေးနွေးနေကြသည်။

ဂျာမနီနိုင်ငံ Thyssenkrupp Marine Systems(TKMS)ကုမ္ပဏီ နှင့် အိန္ဒိယနိုင်ငံမှ Mazagon Dock Shipbuildersကုမ္ပဏီတို့သည် ယူရို ၅ ဘီလီယံခန့် တန်ဖိုးရှိ ရေငုပ်သင်္ဘောခြောက်စင်းကို ပူးတွဲထုတ်လုပ်ရန် နှစ်ဖက်သဘောတူမှု စာချွန်လွှာတစ်ရပ်ကို ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ .

အိန္ဒိယသို့ လေးရက်ကြာလာရောက်လည်ပတ်နေသည့် ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius က ရေငုပ်သင်္ဘောသဘောတူစာချုပ်သည် နှစ်နိုင်ငံအတွက် ထင်ရှားသောပရောဂျက်တစ်ခုဖြစ်နိုင်သည်ဟု ပြောကြားသော်လည်း စာချုပ်အတွက် အခြားပြိုင်ဘက်များကလည်း လေလံဆွဲနေကြသည်ဟု ဆိုသည်။

အဆိုပါ သဘောတူညီချက်အရ လေဖိအားဖြင့်တွန်းကန်မောင်းနှင်သည့်စနစ်ပါရှိသော ဒီဇယ်ရေငုပ်သင်္ဘော ခြောက်စင်းကို နှစ်နိုင်ငံ ပူးတွဲထုတ်လုပ်ရန်ဖြစ်သည်။ ယင်းတွန်းကန်မောင်းနှင်စနစ်သည် ရေငုပ်သင်္ဘောများကို ရေအောက်တွင် အသံတိတ်ဆိတ်စွာ မောင်းနှင်သွားလာနိုင်သည်ဟု ဆွေးနွေးမှုများနှင့် ရင်းနှီးသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here