ယုဇန ပလာဇာအနီးတွင် အငှားယာဉ်မောင်းတစ်ဦး ရုတ်တရက် သေဆုံး

0
228

ယနေ့ ဇွန်လ (၈) ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာအနီးတွင် အငှားယာဉ်မောင်းတစ်ဦး ရုတ်တရက် သေဆုံးသွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယနေ့ နံနက် (၈) နာရီဝန်းကျင်က ယုဇနပလာဇာဘေးရှိ စံပယ်လမ်းနှင့် နှင်းဆီလမ်းထောင့်တွင် အသက် (၅၀) အရွယ်ရှိ အဌားယာဉ်မောင်းနှင်သူတစ်ဦး ရုတ်တရက်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“သေဆုံးသွားတဲ့လူက ဘယ်ကလဲဆိုတာ မသိရသေးပါဘူး။ နောက်ပြီး ကျွန်တော်တို့က အခင်းဖြစ်ပြီးချိန်မှ ရောက်သွားတာဖြစ်တဲ့အတွက် မောင်းလာတုန်း ဖြစ်သွားတာလား။ ရပ်ထားတဲ့အချိန်မှာ ဖြစ်တာလားဆိုတာကို ပတ်ဝန်းကျင်ကို မမေးကြည့်မိလိုက်ဘူးဗျ”ဟု ကူညီဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် အငှားယာဉ်မောင်း၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ရာ PR.038 ဖြင့် လက်ခံခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီကယ်ဆယ်ရေးအသင်း၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here