ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်များအောက်မှ နီးကပ်စွာဆောင်ရွက်နိုင်ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေးနွေး

0
176

မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့သည် ဇွန်လ ၈ ရက်က နေပြည်တော်ရှိ M Gallery ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဇွန်လ ၈ ရက်တွင် ကျရောက်ခဲ့သည့် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် (၇၃) နှစ်မြောက် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်နှင့်စာလွှာများကို အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ မြန်မာ-တရုတ်နှစ်နိုင်ငံ ဒေသတွင်းနှင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်များအောက်မှ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here