အာဆီယံနိုင်ငံများ တောင်တရုတ်ပင်လယ်၌ ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မည်

0
172

ဂျကာတာ၊ဇွန် ၈

ဒေသတွင်း၌တရုတ်၏ ခိုင်မာမှုများတိုးလာ‌နေချိန်တွင် အရှေ့တောင်အာရှနိုင်ငံများသည် ၎င်းတို့၏ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်၌ ကျင်းပရန်သဘောတူထားသည်ဟု အင်ဒိုနီးရှားအရာရှိများက ဇွန်လ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

လေ့ကျင့်မှုကို စက်တင်ဘာလတွင်ကျင်းပမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအပြင် လေ့လာသူအဖွဲ့ဝင်သာရှိသေးသည့် တီမောလက်စ်လည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါလေ့ကျင့်မှု၌ မြန်မာနိုင်ငံလည်းပါဝင်မည်ဟုဆိုသည်။

စစ်ရေးလေ့ကျင့်မှုတွင် ရေကြောင်းလုံခြုံရေးနှင့် ကယ်ဆယ်ရေးကို အဓိကထားဆောင်ရွက်မည်ဖြစ်ပြီး တိုက်ခိုက်ရေးနှင့်စစ်ဆင်ရေးလေ့ကျင့်မှုများပါဝင်မည်မဟုတ်ကြောင်းလည်းပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင်များသည် ယခင်က အမေရိကနှင့်ရေတပ်စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ဖူးသော်လည်း အာဆီယံသီးသန့်စစ်ရေးလေ့ကျင့်မှုမျိုး တစ်ခါမှမပြုလုပ်ခဲ့ဖူးကြောင်းသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here