ရွှေပြည်သာမြို့နယ်ရှိ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၇၅၀၀၀ ပြား ဖမ်းဆီးရမိ

0
115

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ၁၂ ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ဇွန်လ ၆ ရက်က ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာမှ စိတ်ကြွဆေးပြား ၇၅၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဇွန်လ ၆ ရက်၊ နေ့လည် ၁ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၀င်များ ပါ၀င်သော ပူးပေါင်းရေးအဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ ၁၂ ရပ်ကွက်၊ ယင်းမာလမ်းသွယ်(၂)နေ လင်းမင်းဦး(ခ) ကိုလင်း(၄၃)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့ကြသည်။

နေအိမ်အတွင်း၌ လင်းမင်းဦး(ခ)ကိုလင်းကို မတွေ့ရှိဘဲ ဟန်၀င်း(၄၁)နှစ်နှင့် ကျော်ဇင်ထိုက်(၄၄)နှစ်တို့အား စိတ်ကြွဆေးပြား ၇၅၀၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး လင်းမင်းဦး(ခ)ကိုလင်းကို နေ့လည် ၃ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သူများအား ရွှေပြည်သာမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here