ပြည်ပဘဏ်သို့ ငွေကြေးလွဲပြောင်းမှု လက်ခံခဲ့သည့် ကုမ္ပဏီသုံးခုအား Blacklist စာရင်းထည့်သွင်းကြောင်း DICA ကြေညာ

0
264

ပြည်တွင်း၌ ဆန်ဝယ်ယူရာတွင် ပြည်ပဘဏ်ငွေစာရင်းများသို့ငွေကြေးလွှဲပြောင်းမှု လက်ခံခဲ့သည့် ကုမ္ပဏီသုံးခုအား Blacklist စာရင်းထည့်သွင်းကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ ဇွန်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲစည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းခွင်နှင့်သက်ဆိုင်သည့် အစိုးရဌာန၊ အဖွဲအစည်းများမှ ချမှတ်ထားသော အခြားတည်ဆဲဥပဒေနှင့် နည်းဥပဒေများ လိုက်နာခြင်း မရှိကြောင်း တွေ့ရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိစေရန် ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၈-က၊ ပုဒ်မ ၃၈ (ခ)၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ ၊ ၃၆၊ ၃၇ နှင့် အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၁) တို့အရ ပို့ကုန်တင်ပို့သူများအနေဖြင့် အာရှနိုင်ငံများသို့ ပို့ကုန်တင်ပို့သည့်နေ့မှ (၄၅)ရက် အတွင်းလည်းကောင်း ၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်ရက်မှ ရက်ပေါင်း (၉၀) အတွင်းလည်းကောင်း၊ ပို့ကုန်ရငွေများအား နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ကြောင်း အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here