Express ယာဉ်ပေါ်မှ ကျပ် ၁ ဒသမ ၃၃ ဘီလျံကျော်ဖိုး စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၈၇ သိန်းကျော် ဖမ်းဆီးရမိ

0
244

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် Express ခရီးသည်တင် မော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၁ ဒသမ ၃၃ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၈၇ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၄ ရက်၊ ည ၁၀ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းတွင် သတင်းအရ တောင်ကြီးမှ သာစည်ဘက်သို့ မောင်းနှင်လာသည့် Express ခရီးသည်တင် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ယာဉ်ပေါ်ပါခရီးသည် မနန်းမိုးဇာ နှင့် ခွန်မြမောင်တို့ နှစ်ဦး သယ်ဆောင်လာသည့် ကျောမှီမွေ့ယာများအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၃၃ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၈၇၂၅၀ ပြား သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။

မူးယစ်ဆေးဝါး သယ်ဆောင်သူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here