အလေးချိန် တန် ၅၀၀ ကျော် တင်ဆောင်နိုင်တဲ့ ဘီလာရုစ်နိုင်ငံထုတ် ကမ္ဘာ့အကြီးဆုံး ထရပ်ကား

0
153

လွန်ခဲ့တဲ့ ၁၀ နှစ်တာ ကာလပတ်လုံး ကမ္ဘာ့အကြီးဆုံး ထရပ်ကားဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတာကတော့ ဘီလာရုစ်နိုင်ငံထုတ် BelAZ-75710 လို့ခေါ်တဲ့ ထရပ်ကားပဲ ဖြစ်ပါတယ်။

BelAZ-75710 ကို ဘဲလက်စ် ဆိုတဲ့ အဆင့်မြင့် ထရပ်ကားကုမ္ပဏီက ၂၀၁၃ ခုနှစ်မှာ ဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ကမ္ဘာ့အကြီးဆုံး ထရပ်ကား ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ဘဲလက်စ်ရဲ့ BelAZ-75710 ဟာ ဘာဝန်မှမသယ်ရသေးတဲ့ ကားအလွတ်တောင် အလေးချိန် တန် ၃၆၀ ရှိပါတယ်။ ဘီးတစ်ဘီးရဲ့ အလေးချိန်ဟာ ၅ တန်ခွဲ အထိရှိနေပြီး ကားဟာ အလျား ၆၅ ပေ၊ အနံ ၃၁ ပေ နဲ့ အမြင့် ၂၆ ပေကျော် ရှိပါတယ်။ ဒါ့ပြင် ကမ္ဘာပေါ်မှာ အလေးချိန် တန် ၅၀၀ ကျော် သယ်ဆောင်နိုင်တဲ့ တစ်စီးတည်းသော ထရပ်ကားလည်း ဖြစ်ပါတယ်။

BelAZ-75710 မှာ မြင်းကောင်ရေအား ၂,၃၀၀ စီ ထုတ်ပေးနိုင်တဲ့ ဒီဇယ်အင်ဂျင်နှစ်လုံး ပါရှိပြီး ပစ္စည်းမတင်ရသေးတဲ့ချိန်ဆိုရင် တစ်နာရီကို ၃၇ မိုင်နှုန်းအထိ သွားနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ BelAZ-75710 သုံးစီးကို ရုရှားနိုင်ငံက ကျောက်ကျင်းတွေမှာ အသုံးပြုနေပါတယ်။

ဘီလာရုစ်နိုင်ငံ၊ ဇိုဒီနို မြို့အခြေစိုက် ဘဲလက်စ် ကုမ္ပဏီဟာ ဆိုဗီယက်ခေတ်ကတည်းက ကမ္ဘာ့ အကြီးဆုံးနဲ့ ပါဝါအမြင့်ဆုံး သတ္တုတွင်းသုံး ထရပ်ကားတွေကို ထုတ်လုပ်ခဲ့တာပါ။ ဒါပေမယ့် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်းမှာတော့ အနောက်တိုင်း ကုမ္ပဏီတွေရဲ့ ကျော်တက်တာကို ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်ရောက်မှ သူ့ရဲ့ ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

Source: OddityCentral


LEAVE A REPLY

Please enter your comment!
Please enter your name here