ပြည်တွင်းထုတ် SKD / CKD ကားများအပေါ် ကောက်ခံနေသော Customs Duty အခွန်များ ဖြေလျော့ပေး

0
390

ပြည်တွင်းထုတ် SKD / CKD ကားများအပေါ် ကောက်ခံနေသော Customs Duty အခွန်များကို ဖြေလျှော့ပေးထားကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ ထုတ်လုပ်နေသည့် Semi Knocked Down – SKD စနစ်နှင့် Completely Knocked Down- CKD စနစ်ဖြင့် တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားများကို ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်မှ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ဖြေလျော့ပေးလိုက်ကြောင်း သိရသည်။

အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ SKD စနစ်နှင့် 2000 CC ၊2001 CC အထက် လူစီးမော်တော်ကားများအတွက် ယခင် ကောက်ခံသည့်နှုန်းထား ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ယခု ၅ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ပြီး CKD စနစ်ဖြင့် 2000 CC နှင့် 2001 CC အထက် လူစီးမော်တော်ကားများအတွက်ကိုမူ ယခင် ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ အသီးသီးလျှော့ချထားကြောင်း သိရသည်။

ပြည်တွင်း၌ နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် ပြည်ပမှ ကားအသစ် တင်သွင်းခွင့်ပါမစ်များကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းက ကားတင်သွင်းခွင့်မူဝါဒများ ထွက်ရှိလာသော်လည်း ကားအရောင်းစင်တာများကိုမူ ခွင့်ပြုပေးထားခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် လုပ်ငန်းသုံးကားများကိုသာ တစ်ပတ်လျှင် (၅) စီးနှုန်းဖြင့် တင်သွင်းခွင့်ပြုထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here