အနာဂတ်ပညာရေးကိုပုံဖော်ရာတွင် မူဝါဒချမှတ်သူများ၊ဆရာများ၊မိဘများနှင့်ကျောင်းသားများသည် အဓိကအခန်းကဏ္ဍမှပါဝင်

0
121

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေမှ ဇွန် ၉ ရက်နံနက်ပိုင်းက ရုရှားနိုင်ငံ ပညာရေးဝန်ကြီးဂုဏ်ပြုတည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့တက်ရောက်စဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

Shaping the Future ဆိုသည့်ခေါင်းစဉ်သည် မိမိတို့၏လူ့အဖွဲ့အစည်းများနှင့်ကမ္ဘာကြီးကိုပုံဖော်ရာတွင် ပညာရေးသည် အဓိကအခန်းမှ ပါဝင်နေသည်ကို သတိပေးနေသည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေကပြောသည်။

မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးတိုင်း အနည်းဆုံး KG+9 ပြီးမြောက်စေရေး မူဝါဒကိုချ မှတ်ဆောင်ရွက်နေကာ KG+9 ပြီးမြောက်သည့် ကျောင်းသားများအနေဖြင့် ခရိုင် ၅၀ တွင်ဖွင့်လှစ်ထားသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများဖြစ်သည့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများသို့ တက်ရောက်နိုင်သည်ဟု ပြောသည်။

ကမ္ဘာ့အဆင့်မီသင်ရိုးများဖြင့်သင်ကြားသည့် တက္ကသိုလ်များက အရည်အချင်းပြည့်ဝသော ဘွဲ့ရ ပညာတတ်များမွေးထုတ်ပေးနိုင်မည်ဖြစ်၍ မြန်မာနိုင်ငံ တက္ကသိုလ်များနှင့်မိတ်ဖက် တက္ကသိုလ်များကြား ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်လို​ကြောင်းပြောသည်။

“အနာဂတ်ပညာရေးဟာ မူဝါဒချမှတ်သူတွေ ပညာပေးဝေသူ ဆရာတွေ မိဘတွေနဲ့ကျောင်းသားတွေရဲ့ လက်ထဲမှာရှိပါတယ်၊ အဲဒီအစုအဖွဲ့တွေဟာ လျင်မြန်စွာပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့အနာဂတ်ပညာရေးကိုပုံဖော်ရာမှာ အဓိကအခန်းကဏ္ဍကပါဝင်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေက ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ အလုပ်သဘောနေ့လယ်စာစားပွဲတက်ရောက်လာသည့် နိုင်ငံအသီးသီးမှပညာရေးဝန်ကြီးများ၊ကိုယ်စားလှယ်များကလည်း ၎င်းတို့၏ အတွေ့အကြုံများ၊ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းများနှင့်အမြင်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ရုရှားနိုင်ငံ၊ပညာရေးဝန်ကြီး Sergey Sergeevich Kravstov က တက်ရောက်လာသည့် နိုင်ငံအသီးသီးမှပညာရေးဝန်ကြီးများ၊ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here