​အောင်ဘာ​လေထီကိုမိုဘိုင်းငွေ​ချေမှုဖြင့်ထိုးခဲ့ပါက ၁၀သိန်း​အောက်ထီဆုအတွက် ယင်း Pay မှတဆင့် ထီဆုငွေပေးမည်ဖြစ်ပြီး ၁၀သိန်းအထက်ဆု​ငွေကိုယခင်လုပ်ငန်းစဥ်အတိုင်းထုတ်​ပေးမည်

0
189

ကျပ် ၁၀ သိန်းနှင့်အောက်ထီဆုငွေများထုတ်ပေးရာတွင် အွန်လိုင်းထီကံစမ်းစဉ်က ကံထူးရှင်အသုံးပြုခဲ့သည့် Pay သို့တိုက်ရိုက်လွှဲပြောင်းထုတ်ပေးမည်ဖြစ်ပြီး ကံထူးရှင်သည် KBZ Pay ဖြင့်ထီထိုးကံစမ်းခဲ့ပါက KBZ Pay သို့လည်းကောင်း၊ AYA Pay ဖြင့်ထီထိုးကံစမ်းခဲ့ပါက AYA Pay သို့လည်းကောင်း လွှဲပြောင်းထုတ်ပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

(၅၂) ကြိမ်မြောက် အောင်ဘာလေထီနှင့် အောင်ဘာလေအွန်လိုင်းထီကို ဇူလိုင်လ ၁ ရက်နေ့တွင် အတူပူးတွဲ ကျင်းပမည်ဖြစ်ပြီး အောင်ဘာလေထီနှင့် အောင်ဘာလေအွန်လိုင်းထီလက်မှတ်ရောင်းရငွေ စုစုပေါင်း၏ ၇၀ % ကို ဆုမဲအဖြစ်ပြန်လည်ချီးမြှင့်မည် ဖြစ်သည်။

အမြင့်ဆုံးဆုငွေမှာ ကျပ် သိန်း ၅၀၀၀ ( သိန်း ငါးထောင် ) ဖြစ်ပြီး အနိမ့်ဆုံးဆုငွေမှာ ကျပ် ၁၀၀၀၀ ( တစ်သောင်း ကျပ် ) ဖြစ်ကြောင်း သိရသည်။

ကျပ် ၁၀ သိန်း အထက် ဆုမဲများကို အောင်ဘာလေသိန်းဆုဌာနခွဲ ရန်ကုန် နှင့် မန္တလေးရုံးခွဲ တို့တွင် ပုံနှိပ်ထုတ်ဝေရောင်းချလျက်ရှိသော အောင်ဘာလေထီဆုငွေထုတ်ပေးသည့် လုပ်ငန်းစဉ်အတိုင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here