(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ

0
105

ကမ္ဘောဒီယားနိုင်ငံက အိမ်ရှင်လက်ခံကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ဇွန် (၁၀) ရက် ည (၈) နာရီခွဲက ရန်ကုန်လေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း(စင်းလုံးငှား) လေယာဉ်အမှတ် UB-7016 ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့ဝင်များအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ အားကစားသမားများ၏ မိဘဆွေမျိုးများ၊ ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ဇွန် (၃) ရက်မှ (၉) ရက်အထိကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲ၌ အားကစားနည်း (၈) မျိုးအားဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၁၅)ဆု၊ငွေတံဆိပ်(၂၂)ဆု၊ကြေးတံဆိပ်(၁၉)ဆု (စုစုပေါင်း ၅၆ ဆု) ရရှိကာ နိုင်ငံအလိုက်ဆုတံဆိပ်ရရှိမှုတွင် အဆင့်(၆)ရရှိခဲ့ကြောင်း သိရသည်။

မြန်မာအဖွဲ့၏ ဆုရရှိမှု အခြေအနေမှာ ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ် (၁၂)ဆု၊ ငွေတံဆိပ် (၁၃)ဆု၊ ကြေးတံဆိပ် (၁၀) ဆု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ် (၃)ဆု၊ ငွေတံဆိပ်(၆)ဆု၊ ကြေးတံဆိပ်(၄)ဆု၊ စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ်(၂)ဆု၊ အလေးမအားကစားနည်းမှ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု၊ Goalball (မျက်မမြင်)အားကစားနည်းမှ ကြေးတံဆိပ် (၁)ဆုတို့ ဆွတ်ခူးခဲ့ခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here