မန်စီးတီးအသင်း တစ်ရာသီအတွင်း ဖလား (၃) လုံး ရရှိခဲ့ပြီး မြို့ခံပြိုင်ဘက် မန်ယူ၏ စံချိန်ကို လိုက်မီခဲ့

0
338

၂၀၂၂ – ၂၀၂၃ ဘောလုံးရာသီမှာ ပိုမိုခြေစွမ်းပြနေတဲ့ မန်ချက်စတာစီးတီးအသင်းဟာ တစ်ရာသီအတွင်း ဖလား (၃)လုံး ရရှိခဲ့ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်း၏ စံချိန်ကို လိုက်မီသွားပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အင်တာမီလန်အသင်းကို ခက်ခက်ခဲခဲကစားခဲ့ရပြီး (၁) ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိပြီး သူတို့ရဲ့ အသင်းသမိုင်းတစ်လျောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ရရှိသွားတာလည်းဖြစ်ပါတယ်။

ဒါကြောင့် မန်စီးတီးအသင်းဟာ ၂၀၂၂/၂၀၂၃ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာကြောင့် ၁၉၉၈/၉၉ ခုနှစ်က မန်ယူနိုက်တက်ရဲ့ တစ်ရာသီအတွင်း ဥရောပဖလား (၃) လုံးရတဲ့စံချိန်ကို လိုက်မီခဲ့တာလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here