အင်းစိန်တွင် လမ်းဘေးရပ်ထားသည့် YBS ယာဉ်အား ဆိုင်ကယ်ဖြင့် ဝင်တိုက်မိပြီး (၁) ဦးသေဆုံး (၁) ဦးဒဏ်ရာရ

0
157

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် လမ်းဘေးရပ်ထားသည့် YBS ကားနောက်ပိုင်းအား ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသည့်ဖြစ်စဉ် ဇွန် (၁၀) ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီအဖွဲ့မှ သိရသည်။

ယမန်နေ့ည (၁၂) နာရီခွဲခန့်က အမျိုးသား (၂) ဦး စီးနင်းလာသည့် ဆိုင်ကယ်သည် အင်းစိန်မြို့နယ်၊ ပုလဲလမ်းမကြီးတွင် လမ်းဘေး၌ ရပ်ထားသည့် YBS ယာဉ်၏ နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

” အမျိုးသား (၁) ယောက်က ထိခိုက်ဒဏ်ရာတွေရပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပါတယ်။ နောက်ထပ် (၁) ယောက်က ပြင်းပြင်းထန်ထန်ထိခိုက်သွားတယ်။ စိုးရိမ်ရအခြေအနေပါ” ဟု ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့သည့် အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား အနာဂတ်လူမှုကူညီရေးအသင်း၊ ကနောင် နာကူ/ရှင်ကူအသင်းတို့မှ အင်းစိန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here