“မိုခါ”မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် စက်မှုဝန်ကြီးဌာန၊မြန်မာ့ဆေးဝါးလုပ်ငန်းမှထုတ်လုပ်သည့် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိဆေးဝါးများလှူဒါန်း

0
122

“မိုခါ”မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် စက်မှုဝန်ကြီးဌာန၊မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သည့် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ ဆေးဝါး ၇ မျိုးအား ဇွန် ၁၁ ရက်ညနေပိုင်းက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊စစ်တွေမြို့သို့ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့်သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ဒု-ဝန်ကြီးများအား တွေ့ဆုံစဥ်ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ လိုအပ်သည်များကူညီပံ့ပိုးနိုင်ရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေမှု၊ MSME လုပ်ငန်းများအတွက် မှတ်ပုံတင်မှု၊လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာများကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

ယင်းနေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းသည် စစ်တွေမြို့၊ကျေးပင်ကြီးရပ်ကွက်၊ကမ်းနားလမ်းနှင့်ရေတွင်းလမ်းထောင့်ရှိ ဝင်းသူဇာအရောင်းဆိုင်၊ဆတ်ရိုးကျရပ်ကွက်ရှိ စစ်တွေခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံးတို့သို့သွားရောက်၍ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် အဆောက်အဦးများ ပြန်လည်ပြင်ဆင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် MSME လုပ်ငန်းများဖြစ်သည့် ဆတ်ရိုးကျ စက်မှုရပ်ကွက်ရှိ “ရွှေငါး”မုန့်မျိုးစုံလုပ်ငန်း၊ကျား မသောက်ကျေးရွာရှိ “ရွှေကျား”ရက်ကန်းလုပ်ငန်းနှင့်အောင်မင်္ဂလာမြောက်ရပ်ကွက်ရှိ “သန့်သန့်လေး”ဆီစက်ရုံများသို့သွားရောက်၍ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here