ပြည်ပသို့ ပဲတန်ချိန် (၃) သိန်းကျော်တင်ပို့ထားကာ ကန်ဒေါ်လာ သန်း (၂၄၀) ကျော်ရရှိထား

0
130

၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ပြည်ပသို့ ပဲတင်ပို့မှုအနေဖြင့် တန်ချိန် (၃) သိန်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂၄၀ ဒဿမ ၈၇၀ ဘီလီယံရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ပဲတီစိမ်းတင်ပို့မှုသည် ၁ သိန်း ၁ သောင်းကျော်နှင့် မတ်ပဲတင်ပို့မှုသည် တန်ချိန် ၉ သောင်း ၉ ထောင်ကျော်ဖြင့် အများဆုံးတင်ပို့ထားခြင်းဖြစ်သည်။

စီးပွားကူးသန်း၏ ထုတ်ပြန်ချက်များအရ အဆိုပါ တင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ ၂ သိန်း ၈ သောင်းကျော်နှင့် နယ်စပ်လမ်းကြောင်းမှ တန်ချိန် ၂ သောင်း ၉ ထောင်ကျော် တင်ပို့ထားခြင်းဖြစ်ကြောင်း စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ အိန္ဒိယ ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများအပါအဝင် ဒေသတွင်း နိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ နှစ်စဉ် မြန်မာ့ပဲတင်ပို့မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပိုသည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံတင်ပို့မှုသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဓိက သီးနှံအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ကို စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုမှာတော့ ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယ အများဆုံးဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here