အသက် ၁၄ နှစ်ဖြင့် အီလွန်မက်စ်၏ အာကာသယာဉ် တည်ဆောက်ရေး ကုမ္ပဏီ၌ အသက် အငယ်ဆုံး ဝန်ထမ်းဖြစ်လာသူ

0
238

အီလွန်မက်စ်ပိုင် အာကာသယာဉ် တည်ဆောက်ရေး ကုမ္ပဏီဖြစ်တဲ့ စပေ့အိတ်စ်ဟာ မကြာသေးမီကပဲ ၁၄ နှစ်အရွယ် ဆော့ဖ်ဝဲလ် အင်ဂျင်နီယာတစ်ယောက်ကို ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

သူ့နာမည်ကတော့ ကိုင်ရန် ကွာဇီ ဖြစ်ပြီး စပေ့အိတ်စ်ရဲ့ အင်တာဗျူးလုပ်ငန်းစဉ်တွေကို အောင်အောင်မြင်မြင် ဖြတ်ကျော်ကာ ကုမ္ပဏီရဲ့ အသက်အငယ်ဆုံး ဝန်ထမ်း ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ဒီအကြောင်းကို ကွာဇီက အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ပလက်ဖောင်းဖြစ်တဲ့ လင့်ခ်အင် (LinkedIn) ပေါ်မှာ ပို့စ်တင်ပြီး မျှဝေလာခဲ့ပါတယ်။

“ကမ္ဘာ့အမိုက်ဆုံး ကုမ္ပဏီရဲ့ စတားလင့် အင်ဂျင်နီယာအသင်း အောက်မှာ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာတစ်ယောက် အနေနဲ့ လုပ်ကိုင်သွားတော့မှာပါ။ ဒီကုမ္ပဏီဟာ ရင့်ကျက်မှုနဲ့ အရည်အချင်းကို အသက်အရွယ်ပေါ်သာကြည့်ပြီး မဆုံးဖြတ်တတ်တဲ့ ရှားပါးတဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်” လို့ ကွာဇီက သူရဲ့ ပို့စ်မှာ ရေးသားခဲ့ပါတယ်။

ပါရမီရှင် ကွာဇီဟာ စပေ့အိတ်စ်ရဲ့ အသက်အငယ်ဆုံး ဝန်ထမ်းအပြင် မလိုတော့တဲ့အချိန်အတွင်းမှာလည်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာကလဲရာ တက္ကသိုလ်ကနေ အင်ဂျင်နီယာဘွဲ့ကို လက်ခံရရှိတော့မှာဖြစ်ပါတယ်။ သူဟာ အဲဒီဘွဲ့နဲ့အတူ ဆန်တာကလဲရာ တက္ကသိုလ်ရဲ့ အသက်အငယ်ဆုံးဘွဲ့ရကျောင်းသား ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကွာဇီဟာ စပေ့အိတ်စ်မှာ အလုပ်လုပ်ဖို့အတွက် သူအမေနဲ့အတူ ကယ်လီဖိုးနီးယားကနေ ဝါရှင်တန်ပြည်နယ်ဆီ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here