မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ပူတင်နှင့် လက်တွဲရန် ကင်မ်ဂျုံအန်း ကတိပြု

0
187

ဆိုးလ်၊ ဇွန် ၁၂

မြောက်ကိုရီးယားခေါင်းဆောင် ကန်ဂျုံအန်းသည် ရုရှားသမ္မတ ပူတင်နှင့် လက်တွဲပြီး ၎င်းပြည်သူများ၏ အင်အားကြီးနိုင်ငံ တည်ဆောက်မည့် တူညီသော ရည်မှန်းချက်အတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောက်ရွက်မှုကို မြှင့်တင်သွားမည်ဟု ကတိပြုခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန ကေစီအင်န်အေက ဇွန်လ ၁၂ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ကင်မ်သည် ရုရှားနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ်အတွက် ပူတင်ထံ ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် ယခုကဲ့သို့ ကတိပြုလာခြင်းဖြစ်သည်။

“တရားမျှတမှုက အနိုင်ရမယ်ဆိုတာ အသေအချာပါပဲ၊ ရုရှားပြည်သူတွေဟာ နောက်ထပ်နိုင်ပွဲတစ်ခုကို သူတို့ရဲ့ အောင်နိုင်မှုသမိုင်းထဲ ထပ်ထည့်နိုင်တော့မယ်” ဟုဆိုကာ ကင်မ်က ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှ ထောက်ခံကြောင်းကို ထိုသဝဏ်လွှာ၌ ထပ်မံရေးသားဖော်ပြခဲ့သည်။

ထို့ပြင် ကင်မ်က အင်အားကြီးနိုင်ငံတစ်ခု တည်ဆောက်ရေးဟူသည့် နှစ်နိုင်ငံပြည်သူများ၏ ထပ်တူကျသော ဆန္ဒနှင့်အညီ ရုရှားသမ္မတနှင့် အခိုင်အမာ လက်တွဲကာ မော်စကိုနှင့် ပိုမိုနီးကပ်သော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ရန် တောင်းဆိုခဲ့ကြောင်း ကေစီအင်န်အေ က ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ယူကရိန်းအရေး စတင်ပြီးနောက်ပိုင်း အမေရိကနှင့် အနောက်အုပ်စုများကို စစ်ပွဲအတွက် အပြစ်တင်ခြင်းဖြင့် မော်စကိုအား ထောက်ခံကာ ခရမ်မလင်းနှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေး တည်ဆောက်နိုင်ရန် ကြိုးပမ်းလာခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here