မရမ်းကုန်းမြို့နယ်တွင် ဓာတ်တိုင်မှ ဝါယာကြိုးနှင့် Wifi စက်ပုံးတို့မှ မီးလောင်မှုဖြစ်ပွား

0
201

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ယနေ့ ဇွန်လ ၁၂ ရက် ညနေပိုင်းက ဓာတ်တိုင်မှ ဝါယာကြိုးနှင့် Wifi စက်ပုံးတို့မှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သမိုင်းမြို့သစ်(၄)လမ်းအတွင်းရှိ ဓါတ်တိုင်တစ်တိုင်ပေါ်တွင် ယနေ့ညနေ ၆ နာရီ ၆ မိနစ်အချိန်ခန့်က အသေးစား မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ဓာတ်တိုင်မှာ တပ်ထားတဲ့ Wifi စက်ပုံးနားနဲ့ ဝါယာကြိုးတွေနားကနေ မီးခိုးတွေထွက်ပြီးလောင်တာပါ သိပ်မများပါဘူး” ဟု “ရွှေရောင်သမိုင်း” အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါမီးလောင်မှုကို” ရွှေရောင်သမိုင်း” အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ အသင်းဝင်တစ်ဦးက အသင့်ရှိမီးသတ်ဆေးဘူးဖြင့်အချိန်မှီငြှိမ်းသတ်နိုင်ခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှုနည်းပါးကြောင်း သိရသည်။

ဓာတ်ပုံ – ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here