အမေရိကန်ဒေါ်လာ ၁ သိန်းခန့်တန်ဖိုးရှိ ကူညီထေက်ပံ့ရေပစ္စည်းများအား “မိုခါ”မုန်တိုင်းဒဏ်သင့်မြန်မာနိုင်ငံသားများအတွက် တရုတ်နိုင်ငံအစိုးရမှ ပထမအကြိမ်လှူဒါန်း

0
157

တရုတ်နိုင်ငံအစိုးရမှ “မိုခါ”မုန်တိုင်းဒဏ်သင့်မြန် မာနိုင်ငံသားများအတွက် အမရိကန်ဒေါ်လာ ၉၇၅၀၀ တန်ဖိုးရှိ ကူညီထောက်ပံ့ရေးပစ္စည်းများအား ပထမအကြိမ်အဖြစ်ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရမှလှူဒါန်းသည့် ကူညီထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသည့် Tianjin Air Cargo လေယာဉ်သည် ဇွန် ၁၂ ရက်(ယနေ့)နံနက် ၁၁ နာရီ ၅၀ မိနစ်က ရန်ကုန်လေဆိပ်သို့ ဆိုက် ရောက်လာခဲ့ကြောင်း သိရသည်။

ရောက်ရှိလာသည့် ကူညီထောက်ပံ့ရေးပစ္စည်းများအား ရန်ကုန်တိုင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးစိုးသိန်းထံသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးH.E. Mr.Chen Hai ကလွှဲပြောင်းပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံအစိုးရမှ ပထမအကြိမ်ပေးပို့လှူဒါန်းသည့် ကူညီထောက်ပံ့ရေးပစ္စည်းများတွင် ခြင် ထောင်(၁၀၀၀၀)လုံးနှင့်စောင်(၁၀၀၀၀)ထည်တို့ပါဝင်ကာ မုန်တိုင်းဒဏ်သင့်ဒေသများသို့ မြန်ဆန်စွာဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here