လေကြောင်းပို့ဆောင်ရေးကဏ္ဍတိုးတက်ရန် လေယာဉ်ကွင်းများကို တိုးချဲ့အဆင့်မြှင့်တင်လျက်ရှိ

0
122

ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချသည့် နည်းလမ်းများစွာအနက် သယ်ယူပို့ဆောင်စရိတ်နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ ဇွန် ၁၂ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပသည့် အခြေခံစားသုံးကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်ရေးအစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကုန်စည်ပို့ဆောင်ရာတွင် လမ်းခရီးများရှိ ဂိတ်များ၌ မလိုလားအပ်သည့်ကုန်ကျစရိတ်များမရှိစေရန် ပြည်နယ်နှင့်တိုင်းများအလိုက် တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

အရေးမကြီးသည့် ကုန်ပစ္စည်းများအား ရထားပို့ဆောင်ရေးနှင့်ရေကြောင်းပို့ဆောင်ရေးစနစ်ကို အသုံးပြုရမည်ဖြစ်ကာ လေကြောင်းကုန်စည်ပို့ဆောင်ရေးသည်လည်း ဆောင်ရွက်သင့်သည့်လုပ်ငန်းရပ်တစ်ခုဖြစ်သည်ဟု ဆိုသည်။

“လေကြောင်းပို့ဆောင်ရေးကဏ္ဍတိုးတက်ဖို့အ တွက် လေယာဉ်ကွင်းတွေကို တိုးချဲ့အဆင့်မြှင့်တင်ပေးနေပါတယ် ကုန်တင်လေယာဉ်တွေ ဆင်းသက်နိုင်မယ်ဆိုရင် အရေးကြီးတဲ့ပစ္စည်းတွေကို လေကြောင်းကတဆင့် မြန်ဆန်စွာတင်ပို့နိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရေးဆောင်ရွက်သည့် နည်းလမ်းများရှိသော်လည်း ရာနှုန်းပြည့်လုပ်ဆောင်နိုင်မှုမရှိသေးဘဲ ယင်း အထဲတွင် သယ်ယူပို့ဆောင်စရိတ်များကြီးမြင့်ခြင်းလည်း ပါဝင်ကာ လောင်စာဆီဈေးနှုန်းများကြီးမြင့်ခြင်းနှင့်လုံခြုံရေးအရကန့်သတ်ချက်များကြောင့် ကုန်ကျစရိတ်များပိုနေခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒါ့ကြောင့် မီးရထားနဲ့ပို့ဆောင်တာ ရေကြောင်းကပို့ဆောင်တာတွေကို ဆောင်ရွက်ဖို့အတွက် အမြဲမပြတ်တိုက်တွန်းပြောကြားခဲ့လို့ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ပါတယ် သို့သော် အရေးမကြီးတဲ့ပစ္စည်းတွေကို ကားတွေနဲ့သယ်ယူပို့ဆောင်နေတာကြောင့် ကုန်ပစ္စည်းသယ်ယူပို့ ဆောင်မှုစရိတ်တွေ ကြီးမြင့်နေမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ကုန်ပစ္စည်းများအား မီးရထားနှင့်ပို့ဆောင်ခြင်းသည် သယ်ယူပို့ဆောင်မှုစရိတ်ကိုများစွာသက်သာစေသဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ ထိထိရောက်ရောက်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here