Hiace ကားဘရိတ်ပေါက်ပြီး တောင်ကမ်းပါးရံဝင်တိုက်မိ၍ ယာဉ်ပေါ်ပါ (၁၉) ဦးလုံး ဒဏ်ရာရခဲ့မှု ကျိုင်းတုံမြို့နယ်တွင်ဖြစ်ပွား

0
116

ကျိုင်းတုံ – တောင်ကြီးသွား ကားလမ်းပေါ်တွင် ဇွန် (၁၂) ရက် ညနေပိုင်းက Hiace ကား (၁) စီး ဘရိတ်ပေါက်ကာတောင်ကမ်းပါးရံအား ဝင်တိုက်မိခဲ့ရာမှ ယာဉ်ပေါ်ပါ (၁၉) ဦးလုံး ထိခိုက်ဒဏ်ရာရှိခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း တိုင်းနေနာရေးကူညီမှု အသင်းမှ သိရသည်။

ယမန်နေ့ညနေ (၄) နာရီခန့်က ကျိုင်းတုံ – တောင်ကြီးသွားကားလမ်းအတိုင်း အမျိုးသား၊အမျိုးသမီး (၁၉) ဦးလိုက်ပါလာသည့် Hiace ကားသည် တောင်အဆင်း၌ ဘရိတ်ပေါက်ကာအရှိန်မထိန်းနိုင်ဘဲ တောင်ကမ်းပါးရံအားဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

“စပယ်ရှယ် တောင်အဆင်းမှာဖြစ်သွားတာ။ ဘရိတ်ပေါက်သွားတော့ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိသွားတာ။ လူနာများတယ်ဆိုပြီး ဖုန်းသတင်းဝင်လာတာနဲ့ချက်ခြင်းကူညီပေးခဲ့ပါတယ်။ ကားပေါ်ပါတဲ့လူတွေ အကုန်လုံး ဒဏ်ရာရသွားတယ်”ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်၌ ကားပေါ်တွင်လိုက်ပါလာသူ (၁၉) ဦးလုံးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြသဖြင့် တိုင်းနေနာရေးကူညီမှုအသင်းနှင့် တုံတာလူမှုကူညီရေးအသင်းတို့မှ ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here