ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စျေးကွက်ရှာဖွေရန် ခက်ခဲလာ၍ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပစ်မှတ်ထား စျေးကွက်ချဲ့ထွင်လာ

0
176

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စျေးကွက်ရှာဖွေရန် ခက်ခဲလာ၍ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပစ်မှတ်ထား စျေးကွက်ချဲ့ထွင်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်အရ သိရသည်။

လက်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးလိပ်သောက်သုံးသူဦးရေ ကျဆင်းလာသော်လည်း ဖွံ့ဖြိုးဆဲ ဝင်ငွေနည်းပါးသည့်နိုင်ငံများတွင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းယာစားခြင်းကဲ့သို့သော ဆေးရွက်ကြီးသုံးစွဲမှုအဆမတန်များပြားလာကြောင်းနှင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကွမ်းစားသူ၊ ဆေးရွက်ကြီးငုံသူ ရာခိုင်နှုန်း ၉၀ သည် မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် နေထိုင်ကြကြောင်းလည်း သိရသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်ရောဂါ စသည့် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝှမ်း၌ ဆေးရွက်ကြီး စိုက်ပျိုးရန် နှစ်စဉ် မြေဟက်တာပေါင်း ၃ ဒဿမ ၅ သန်းကျော် အသုံးပြုနေရပြီး သစ်တောဟက်တာ နှစ်သိန်းကျော် ပြုန်းတီးနေကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေ ၆၄,၀၀၀ ခန့်သည် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုမှတစ်ဆင့် ဖြစ်ပွားသောရောဂါများကြောင့် အသက်ဆုံးရှုံးနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here