ယူကရိန်းတွင် ဖမ်းဆီးရမိသော ဂျာမန်တင့်ကားများနှင့်၊ အမေရိကန် တိုက်ခိုက်ရေးယာဉ်များ ဗီဒီယို ရုရှား ထုတ်ပြန်

0
202

ယူကရိန်းတပ်များနှင့် ပြင်းထန်သော တိုက်ပွဲများတွင် ရုရှားစစ်တပ်က ဖမ်းဆီးရမိထားသော ဂျာမန်လုပ် Leopard တင့်ကားများနှင့် အမေရိကန်လုပ် Bradley တိုက်ခိုက်ရေးယာဉ်များ၏ ဗီဒီယိုဖိုင်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ဇွန် ၁၃ အင်္ဂါနေ့က ထုတ်ပြန်လိုက်သည်။

ဗီဒီယိုတွင် မြင်တွေ့ရသည့် ယာဉ်များသည် Leopard တင့်ကားများနှင့် Bradley တိုက်ခိုက်ရေးယာဉ်များဖြစ်ကြောင်း Reuters သတင်းဌာနမှ အတည်ပြုနိုင်ခဲ့သည်။

ယင်းတို့ကို ယူကရိန်းတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ရန် ကြိုးစားနေသည့် နေရာများထဲမှ တစ်ခုဖြစ်သည့် ယူကရိန်းတောင်ပိုင်း Zaporizhzhia ရှေ့တန်းစစ်မြေပြင်မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှားစစ်တပ်၏ Vostok (အရှေ့) စစ်ဘက်ဆိုင်ရာအဖွဲ့မှ စစ်သားများက ဖမ်းဆီးရမိသောယာဉ်များတွင်တပ်ဆင်ထားသည့် ကိရိယာများကို စစ်ဆေးနေကြောင်း “ကျွန်ုပ်တို့၏ဆုဖလားများ” ဟုခေါ်သည့် အဆိုပါ ဗီဒီယိုဖိုင်တွင် ဖော်ပြထားသည်။

ယာဉ်အချို့၏ အင်ဂျင်များသည် လည်ပတ်ဆဲဖြစ်ကြောင်း တွေ့မြင်နေရခြင်းက ၎င်းတို့ကိုမောင်းနှင်သော ယူကရိန်း တပ်ဖွဲ့ဝင်များ မည်မျှ လျင်မြန်စွာ ထွက်ပြေးခဲ့ကြောင်း ကိုသက်သေပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ၎င်း၏ ကာလရှည်ကြာ မျှော်လင့်ထားသည့် တန်ပြန်ထိုးစစ်ကို စတင်ချိန်မှစ၍ Zaporizhzhia အရှေ့တောင်ဘက် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) အကွာရှိ ရွာအချို့ကို ရုရှားတပ်ဖွဲ့များထံမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ရုရှားစစ်တပ် ဘလော့ဂါများထံမှ အတည်မပြုနိုင်သော အစီရင်ခံစာများတွင်မူ ရုရှားတပ်ဖွဲ့များသည် မကြာသေးမီရက်များအတွင်းက သိမ်းပိုက်ခံခဲ့ရသည့် နယ်မြေအချို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုထားပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here