ဝိဇ္ဇာဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိခဲ့သည့် မထိုက်သူလင်း ပညာဆက်လက်သင်ကြားနိုင်ရန် အလှူရှင်တစ်ဦးမှ ဂုဏ်ပြုငွေကျပ်သိန်း ၁၀၀ ချီးမြှင့်

0
181

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာ အုပ်စု၊ ကုက္ကိုတောကျေးရွာနေ မထိုက်သူလင်းသည် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝိဇ္ဇာဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတွင် ၅၁၃ မှတ်ဖြင့် အမှတ်အများဆုံးရရှိခဲ့သည်။

ထို့ကြောင့် မထိုက်သူလင်းအား BE.d (၅)နှစ် ဆက်လက်ပညာသင်ကြားနိုင်ရန် ဂုဏ်ပြုငွေကျပ်သိန်း ၁၀၀ အားအလှူရှင်ဖြစ်သည့် ငါးသိုင်းချောင်းမြို့နေ ဦးတင်အောင်မြင့်ဦး+ဒေါ်အေးအေးပိုင်မိသားစုမှ ဇွန် ၁၃ ရက်က မထိုက်သူလင်း၏ နေအိမ်တွင် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မထိုက်သူလင်းသည် ကျုံပျော်မြို့နယ်၊ ကုက္ကိုတော(အ.မ.က)နှင့် တောက်တဲ့ရိုး(အ.ထ.က)တို့တွင်ပညာသင်ကြားခဲ့ကာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ၆ ဘာသာဂုဏ်ထူးဖြင့် ရမှတ်(၅၁၃)မှတ် ဝိဇ္ဇာဘာသာတွဲ၌ တစ်နိုင်ငံလုံးတွင် အမှတ်အများဆုံးဖြင့် ပထမရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here