အဆင့်မြင့် Leopard တင့်ကားများကို တိုက်ရိုက် အစားထိုးမရနိုင်ကြောင်း ဂျာမနီက ပြောကြား

0
167

ဂျာမနီမှ ယူကရိန်းသို့ ပေးပို့ထားသော အဆင့်မြင့် Leopard တင့်ကားအချို့ကို ရုရှားက အောင်မြင်စွာ ဖျက်ဆီးရမိနိုင်ခဲ့သည့် ဗီဒီယိုဖိုင် အင်တာနက်တွင်ပေါ်ထွက်လာပြီးနောက်တွင် ဂျာမနီ ကာကွယ်ရေးဝန်ကြီး Boris Pistorius က ဆုံးရှုံးပျက်စီးသွားသည့် တင့်ကားများကို တိုက်ရိုက် အစားထိုးရန် မဖြစ်နိုင်သလို၊ ယင်းအတွက် အချိန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

တနင်္လာနေ့က RTL သတင်းဌာနနှင့်အင်တာဗျူးတစ်ခုတွင် Pistorius က “ကျွန်ုပ်တို့ [ဂျာမနီ] သည် ယခု ဆုံးရှုံးပျက်စီးသွားသောတင့်ကားတိုင်းကို အစားထိုးပေးနိုင်မည်မဟုတ်”ဟုမှတ်ချက်ပြုခဲ့သည်။

“ကံမကောင်းတာက လက်နက်တွေ ဖျက်ဆီးခံရတာ စစ်ပွဲရဲ့ သဘောသဘာဝပဲ၊ တင့်ကားတွေ ဖျက်ဆီးခံရပြီး လူတွေ သေကျေကြမှာ သဘာဝပဲ။ ဒါကြောင့် ယူကရိန်းအတွက် ကျွန်တော်တို့ရဲ့ ပံ့ပိုးကူညီမှုက အရမ်းအရေးကြီးတယ်” ဟု Pistorius က ထပ်လောင်း ပြောကြားခဲ့သည်။

ယခုဆုံးရှုံးသွားသည့် အဆင့်မြင့် Leopard တင့်ကားများကို အစားထိုးမပေးနိုင်သော်လည်း ဂျာမနီအနေဖြင့် Leopard 1 အမျိုးအစား တင့်ကားများကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဂျာမနီ ကာကွယ်ရေးဝန်ကြီး Boris Pistorius ကအတည်ပြုပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here