ပို့ကုန်ကဏ္ဍတိုးမြှင့်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့နယ်ရှိ ကော်ဖီနှင့် ထောပတ်အစုအဖွဲ့များနှင့် တွေ့ ဆုံဆွေးနွေး

0
163

ပြည်ပ ပို့ကုန်ကဏ္ဍတိုးမြှင့်နိုင်ရေး ကော်ဖီနှင့် ထောပတ်သီး ရောင်းချသူအစုအဖွဲ့များနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ဇွန် (၁၃) ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကော်ဖီအသင်း ပြင်ဦးလွင်အစုအဖွဲ့ ၊ နောင်ချိုအစုအဖွဲ့နှင့် မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ပြင်ဦးလွင် အစုအဖွဲ့တို့မှ အသင်းဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေး၊ ပြည်ပသို့ တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေးနှင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်မိုးမိုးသွယ်မှ ကုန်အမှတ်တံဆိပ်များ ပြန် လည်မှတ်ပုံတင်ရန် လိုအပ်ပုံကို ရှင်းလင်းကြောင်းပြောကြားခဲ့သည်။

ထို့အတူ ပြင်ဦးလွင်၊ နောင်ချိုကော်ဖီအစုအဖွဲ့ ဥက္ကဋ္ဌနှင့် ထောပတ်အစုအဖွဲ့ ဥက္ကဋ္ဌတို့မှ အသင်းများ၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ကာ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှလည်း သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here