မြန်မာနိုင်ငံတွင် (၅) နှစ်မှ အသက် (၁၇) နှစ်ကြားအရွယ် ကလေးလုပ်သား တစ်သန်းကျော်အထိရှိနေကြောင်း ILO အသိပေး

0
158

မြန်မာနိုင်ငံတွင် အသက် (၅)နှစ်မှ (၁၇)နှစ်ကြား ကလေး ငယ် တစ်သန်းကျော်မှာ ကလေးလုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေရပြီး ၎င်းတို့အနက်မှ ထက်ဝက်ကျော်ခန့်သ ည် ကျန်းမာရေး၊ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှုများကို တိုက်ရိုက်ထိခိုက်နစ်နာစေနိုင်သော ဘေးအန္တရာ ယ်ရှိသည့် အလုပ်ခွင်များတွင် လုပ်ကိုင်နေရကြောင်း ILO က အသိပေးထားသည်။

ဇွန်လ (၁၂) ရက်တွင်ကျရောက်သည့် ကမ္ဘာ့ကလေးအလု ပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထု တ်ပြန်သည့် ထုတ်ပြန်ချက်တွင် ILO က ဖော်ပြထားခြင်း ဖြစ်သည်။

ဆင်းရဲနွမ်းပါးမှုနှင့် ကပ်ဘေးများသည် ကလေးများကို လုပ်ငန်းခွင်သို့ တွန်းပို့သည့် အဓိက အကြောင်းတရားများဖြစ်ပြီး ယင်းဆင်းရဲနွမ်းပါးမှုနှင့် ကပ်ဘေးများကြော င့် အလုပ်လုပ်ကိုင်နေရသည့် ကလေးတစ်သန်းကျော်အား အကူအညီပေးရန်အတွက် အရေးတကြီးလိုအပ်နေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ILO က ပြောသည်။

ILO ၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိင်းရေးအရာရှိ ဌာနေကိုယ်စားလှယ် Mr Donglin Li က “လက်ရှိ မြန်မာ နိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံ ရေးအကျပ်အတည်းတွေက ထိခိုက်လွယ်တဲ့ အခြေအနေကို ပိုမိုဆိုးရွားလာစေပြီး ကလေးအလုပ်သမားကို အား ကိုးအားထားပြုရတဲ့အခြေအနေကို ဆိုက်ရောက်စေပါတယ်။ အထူးသဖြင့် အဆင်းရဲဆုံး မိသားစုတွေမှာရှိတဲ့ ကလေးတွေအပေါ် သက်ရောက်မှုက အဆိုးရွားဆုံးဖြစ်ပါတယ်။ ယခုအချိန်မှာကလေးတွေကို ပိုမိုကာကွယ်ပေးဖို့နဲ့ လူမှုတရားမျှတမှုကို မြှင့်တင်ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့အားလုံး ဒီထက်ပိုပြီး အတူတူကြိုးပမ်း အားစိုက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။

ILO အနေဖြင့် မြန်မာနိုင်ငံအတွင်း ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းများအား အားထုတ်ကြိုး ပမ်းသွားမည်ဖြစ်ပြီး အလုပ်သမားအားလုံးအတွက် သင့် တော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် အားလုံးအတွက် လူမှုတရား မျှတမှုရရှိရေးကိုလည်း တိုးမြှင့် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here