မြေအောက် အနက် ၁,၃၇၅ ပေ မှာ တည်ဆောက်ထားတဲ့ ကမ္ဘ့ာအနက်ရှိုင်းဆုံး ဟိုတယ်

0
263

အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်က စနိုးဒိုနီးရား တောင်များရဲ့အောက် မြေအနက် ၁,၃၇၅ ပေမှာ ရှိတဲ့ ဒိ(ပ်) စလိ့(ပ်) ဟိုတယ်ဟာ ကမ္ဘာပေါ်ရှိတဲ့ အနက်ရှိုင်းဆုံး ဟိုတယ်ဖြစ်ပါတယ်။

အခြားဟိုတယ်တွေနဲ့ မတူတာက ဒီဟိုတယ်ဟာ ခူမော်တင်လို့ ခေါ်တဲ့ စွန်ပစ်ခံ ကျောက်မိုင်းတွင်းမှာ တည်ဆောက်ထားတာ ဖြစ်ပြီး တစ်ယောက်အိပ် ခုတင်နှစ်လုံး ပါတဲ့ သီးသန့် အိပ်ခန်း လေးခန်း၊ နှစ်ယောက်အိပ် ကုတင်ပါတဲ့ လိုဏ်ဂူ အိပ်ခန်း တစ်ခန်း၊ ထမင်းစားခန်းနဲ့ အိမ်သာတို့သာ ပါရှိပါတယ်။

ဒါ့ပြင် ဒီဟိုတယ်ဟာ တစ်ပတ်မှာ စနေနေ့ တစ်ရက်သာ ဖွင့်လှစ်တဲ့အတွက် အွန်လိုင်းကနေ ကြိုတင် ဘွတ်ကင်ယူထားရမှာ ဖြစ်ပါတယ်။ ဘွတ်ကင်ရခဲ့ရင်လည်း ပထမဆုံးအနေနဲ့ ဘလိုင်းနိုင်း ဖက်စတင်ညော့ မြို့နားမှာရှိတဲ့ ဂိုး ဘီလိုး အခြေစိုက်စခန်းဆီ အရင်ရောက်အောင်သွားရမှာ ဖြစ်ပါတယ်။ အဲဒီစခန်းကနေတစ်ဆင့် သေချာလေ့ကျင့်ပေးထားတဲ့ လမ်းညွှန်တွေနဲ့အတူ မြေအောက်ဟိုတယ်ဆီ အတူသွားကြရမှာဖြစ်ပါတယ်။

တစ်ညတည်းခိုခ ကန်ဒေါ်လာ ၆၈၈ (မြန်မာငွေ သိန်းနှစ်ဆယ်ကျော်) ကုန်ကျမှာ ဖြစ်တဲ့အပြင် အဲဒီဟိုတယ်ဆီ သွားဖို့ကလည်း မလွယ်ကူလှပါဘူး။ အခြေစိုက်စခန်းကနေ မိုင်းတွင်းဆီရောက်ဖို့ကို ၄၅ မိနစ်ကြာ တောင်တက်ရပြီး မိုင်းတွင်းထဲက တည်းခိုတဲ့နေရာဆီ ရောက်ဖို့အတွက်ဆို နောက်ထပ် တစ်နာရီလောက် အချိန်ယူသွားရမှာ ဖြစ်ပါတယ်။

ဟိုတယ်ရဲ့ အပူချိန်ဟာ တစ်နှစ်ပတ်လုံး ၁၀ ဒီဂရီစင်တီဂရိတ် ရှိနေပေမယ့် အခန်းနံရံတွေကို ထူထဲနေအောင် ဆောက်ပေးထားတာကြောင့် နွေးထွေးပြီး သက်သောင့်သက်သာ ရှိစေမှာပါ။ ဒါ့ပြင် မြေအောက်အနက်ကြီးမှာ တည်ဆောက်ထားပေမယ့် အခြားဟိုတယ်တွေလိုမျိုး ရေ၊မီး၊ ဝိုင်ဖိုင် တွေလည်း တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။

Source: OddityCentral


LEAVE A REPLY

Please enter your comment!
Please enter your name here