(၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရန်အာဇာနည်ဗိမာန်ကို မွမ်းမံပြင်ဆင်နေ

0
399

(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်ကို မွမ်းမံပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

အာဇာနည်ဗိမာန် ပြင်ဆင်နေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ဇွန်လ (၁၁) ရက်၊ မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအား တာဝန်ရှိသူများက ဆွေ့ဆုံမည့် နေရာအခင်းအကျင်းနှင့် တာဝန်ရှိသူများနားနေမည့် ‌နားနေခန်းပြင်ဆင်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် (၇၆) နှစ်မြောက်၊ အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားတွင် လွမ်းသူ့ပန်းခွေချ အလေးပြု အခမ်းအနားဆောင်ရွက်မည့် နေရာယူမှုပုံစံ၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများအား လာရောက်ဂါဝရပြုမည့် ပြည်သူများ၏ အဝင်/အထွက် ဂိတ်ပြင်ဆင်နေမှု၊ အာဇာနည်ဗိမာန်ပေါ်နှင့် အာဇာနည်ကုန်းအတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိရန် ဆောင်ရွက်နေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here