(၃) လအတွင်း ပြည်တွင်းသို့ ထိုင်း၊ ဗီယက်နမ်နှင့် မက္ကဆီကို နိုင်ငံသားများ အများဆုံး ဝင်ရောက်ခဲ့

0
117

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ထိုင်း၊ ဗီယက်နမ်နှင့် မက္ကဆီကို နိုင်ငံသားများ အများဆုံး လာရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် မတ်၊ ဧပြီနှင့် မေလ သုံးလတာကာလအတွင်း ရန်ကုန်လေဆိပ်မှတဆင့် ပြည်တွင်းသို့ ဝင်ရောက်သည့် ပြည်ပခရီးစဉ် (၂၀၀) နီးပါးမှ နိုင်ငံခြားသား ခရီးသွား (၂ ၆၉၅) ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ရန်ကုန်ကို နိုင်ငံခြားခရီးသွားဧည့်သည် မှတ်တမ်းတင်တဲ့အခါ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ဝင်ရောက်တာကို အဓိက မှတ်တမ်းတင်တာဖြစ်ပါတယ်။ သင်္ကြန်ကာလဖြစ်တဲ့ ဧပြီလကတော့ နိုင်ငံခြားသား ဝင်ရောက်မှု အနည်းငယ်လျော့ပြီး ကျန်လတွေမှာတော့ ဝင်ရောက်မှုများပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီး သွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့အပြင် အင်ဒိုနီးရှား၊ စပိန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့မှလည်း ဝင်ရောက်မှုရှိခဲ့ပြီး မတ်လတွင် ပြည်ပခရီး စဉ် (၇၃) ခုမှ နိုင်ငံခြားသား (၈၂၂) ဦး၊ ဧပြီလတွင် ခရီး စဉ် (၅၁) ခုမှ နိုင်ငံခြားသား (၆၁၂) ဦး၊ မေလတွင် ခရီးစဉ် (၆၇) ခုမှ နိုင်ငံခြားသား (၁၂၆၁) ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here